Header Ads

Seo Services

MOU အလုပ်သမားတစ်ရာကျော် နယ်စပ်သို့ပြန်ပို့ပြီ

ဘန်ကောက်မြို့ တောင်ဘက် ကီလိုမီတာ ၈၀ ခန့်အကွာတွင် ရှိသော မူစယ် အန်ဖေခေါင်ရွဲ၊ တန်ဘွန် စလဖန်၊ ဖစ်ဘူရီမြို့နယ်တွင် ရှိသော အလုပ်သမား တင်သွင်းသည့် မြန်မာ အမျိုးသမီး တစ်ဦး ပိုင်SARISA INTERNATIONAL EMPLOYMENT.CO. TH ကုမ္ပဏီ တွင် အချိန်အတန်ကြာ အလုပ်အကိုင်မရပဲ အခက်ကြုံ နေရသည့်   မြန်မာ အလုပ်သမား တစ်ရာကျော် တို့အား ယနေ့ တွင်နေရပ်သို့   ပြန်ပို့ လိုက်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံမှ စွမ်းတော်ဝင် ကုမ္ပဏီမှ တင်သွင်းထားသည့် အလုပ် သမား၂၀၀ ဦးနှင့် နှင်းပန်းဝါ ကုမ္ပဏီမှ အလုပ်သမား ၂၄ဦးတို့ တစ်လနီးပါးကြာ အလုပ် မလုပ်ကြသေးပဲ အခက်အခဲ ဖြစ်နေခဲ့ရာမှ ပြဿ နာ တက်လာရခြင်း ဖြစ်ပါသည်။

အလုပ်သမားများ အလုပ်ရရှိရန် မသေချာသည့် အပြင် အခန်းကျဉ်းတွင် ပြွတ်သိပ် အိပ်ရသည့် ဒုက္ခ၊ သောက်ရေ ချိုးရေ မသန့်ရှင်း သည့် ကိစ္စနှင့် အစားအစာ မလုံလောက်ခြင်း အပြင် မဇာ၏ မြန်မာ ၀န်ထမ်း တစ်ဦးက အလုပ်သမား တစ်ယောက်အား ရိုက်နှက် ခဲ့ကြောင်း ဘန်ကောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံ သားများ အဖွဲ့သို့ ဆက်သွယ် သတင်းပေးပို့ အကူညီ တောင်းခံခဲ့သည်။




No comments