နေရပ်ပြန်မြန်မာအလုပ်သမားများအတွက် ထိုင်းအစိုးရ မူဝါဒအသစ်ချမှတ်
သတင်း-စောမောင်
ဘန်ကောက်
နယ်စပ်မြို့များမှ တဆင့် မြန်မာနိုင်ငံပြန်သည့် အလုပ်သမားများ
ထိုင်းနိုင်ငံသို့ပြန်ဝင်လာကြရာ အလုပ်ရှင်ဖြစ်သူ၏ ခရီးသွားလာခွင့်
ထောက်ခံစာမပြုလုပ်ပါက ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ခွင့်ပြုမည်မဟုတ်
ကြောင်း ဘန်ကောက်မြို့နေ မြန်မာအလုပ်သမားရေး ဆောင်းရွက်နေသူ ကိုဝင်းနိုင်မှ ပြောသည်။
“အလုပ်ရှင်မှ ခရီးသွားလာခွင့်ပြုသည် စာရွက်မပါလို့ ပြန်ဝင်မရဖြစ်နေတဲ့
အလုပ်သမတစ်ယောက်အကူညီတောင်းလာလို့ သူ့အလုပ်ရှင်ထံ မနက်
သွားပြီး ထောက်ခံစားလုပ်ပေးရအုန်းမယ်“ ဖြစ်ကြောင်း ကိုဝင်းနိုင်မှ ပြော
သည်။
မကြာမှီရက်အနည်းငယ်၌ မယ်ဆောက်မြို့ ချစ်ကြည်ရေးတံတားမှတဆင့်
မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ကြသည့် အလုပ်သမားများအား ထိုင်းလ၀ကများက နောက်တကြိမ် မြန်မာနိုင်ငံသားများအားလုံးနယ်စပ်မှ
ပြန်မည်ဆိုပါ မိမိတို့၏အလုပ်ရှင်ဖြစ်သူမှ ခရီးသွားလာခွင့်ပြုသည့်
ထောက်ခံစာများယူဆောင်လာရမည်ဖြစ်ကြောင်းနှင့် မယူဆောင်လာပါက
ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခြင်း ငြင်းပယ်ခံရမည်ဖြစ်ကြောင်း ပြော
သည်။
“အခုအစီစဉ်နဲ့ပက်သက်ပြီး ကျနော်တို့လည်း သဘောမပေါက်ဘူးဖြစ်နေတယ်
အလုပ်သမားတွေမှာ ခရီးသွားလာမို့ဗီဇာနဲ့ဝပ်ပါမစ်ရှိနေတာတောင် မလုံလောက်
တော့တဲ့အခြေနေဖြစ်နေပြီး..မယ်ဆောက်-မြ၀တီချစ်ကြည်ရေးတံတားပေါ်ကနေ
ပြန်နေတာ မနည်းတော့ဘူး အခုမှ အလုပ်ရှင်က ခရီးသွားလာခွင့်ပြုတဲ့.ထောက်ခံ စာယူရမယ်ဆိုတာ အခုမှသိတယ်.” ဟု မဟာချိုင်မြို့နေ ကိုဆန်းမင်း က ပြောသည်။
မယ်ဆောက်မြို့မှတဆင့်ဘန်ကောက်မြို့သို့ ပြန်လာကြသည့် အလုပ်သမား
၁၀ဦးသည် အထောက်ထာအပြည့်စုံရှိသော်လည်း မယ်ဆောက် တောင်ပေါ်
လမ်းရှိ ခွေးရပုလိပ်ဂိတ်၌ ထိုင်းပုလိပ်များမှ ဖမ်းစီး၍ အချုပ်ထဲသို့ ပို့ဆောင်ခြင်း
ခံခဲ့ရကြောင်းသတင်းရရှိပါသည်။
မြန်မာနိုင်ငံသို့ အလည်ပြန်ပြီး ဘန်ကောက်သို့ပြန်လာကြသည့်
မြန်မာအလုပ်သမား ၁၀ဦးအား 10.12.2015နေ့၌ မယ်ဆောက်
တောင်ပေါ်လမ်းရှိ ခွေးရဦးဂိတ်မှ ပုလိပ်များက စာရွက်စာတမ်းမပြည့်စုံ
ဟုအကြောင်းပြဖမ်းစီးပြီး အချုပ်ထဲသို့ပို့ဆောင်ခဲ့ပါသည်။

Post a Comment