ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အသိပေးကြေညာခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ကြေညာချက်အမှတ်(၂/၂၀၁၇)
နေပြည်တော် ၁၃၇၉ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်
(၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်)
ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အသိပေးကြေညာခြင်း
၁။ ထိုင်းနိုင်ငံရှိအလုပ်ရှင်များထံတွင် လက်ရှိအလုပ်လုပ်ကိုင်နေသော်လည်းအလုပ်ရှင် သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ပါနေရာကွဲလွဲနေသည့် အလုပ်သမားများ၊ အထောက်အထားရှိသော်လည်း သက်တမ်းကုန်နေသဖြင့် တရားမဝင်ဖြစ်နေသည့် အလုပ်သမားများနှင့် အထောက်အထားမဲ့ အလုပ်သမားများအနေဖြင့် အောက်ပါအတိုင်းဆောင်ရွက်ရပါမည်-
(က) အထက်ဖော်ပြပါ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မိမိ၏ အလုပ်ရှင်သို့မဟုတ် အလုပ်ရှင်မှ တရားဝင်ခန့်အပ်တာဝန်ပေးထားသည့် အလုပ်ရှင် ကိုယ်စားလှယ်နှင့်အတူ ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသောမှတ်ပုံတင်ရေးဆိုင်ရာ ယာယီဗဟိုဌာနများသို့ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၄ ရက် နေ့မှ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့အထိ(၁၅ ရက်အတွင်းပိတ်ရက်မရှိ) သွားရောက် စာရင်းသွင်းရမည်ဖြစ်ပြီး တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ပြီးပါကအလုပ်ရှင်နှင့်အလုပ်သမားအဖြစ် သတ်မှတ်ပေးမည်ဖြစ်ပါသည်။

Post a Comment